TV Schedule
ဇန်နဝါရီ ၂၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
စစ်ကောင်စီ ရွေးကောက်ပွဲ ကန်အသိအမှတ်ပြုမည်မဟုတ်၊ မြန်မာ့လက်နက်ကိုင် လှုပ်ရှားမှု ရှေ့အလားအလာ ၀ါရှင်တန်မှာဆွေးနွေး၊ တင့်ကားတွေပေးပို့ ကူညီဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းတောင်းခံ စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၀၊ ၂၀၂၃)
မြန်မာစစ်ကောင်စီ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အမေရိကန်က လက်ခံမှာမဟုတ်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ဗွီအိုအေကို ထပ်လောင်း အတည်ပြု၊ ကမ္ဘာတဝန်းက ဒုက္ခသည်တွေ အမေရိကန် မှာ အခြေချ နေထိုင်ခွင့်ရအောင် သာမန် အမေရိကန် နိုင်ငံသားတွေနဲ့ အမြဲတမ်းအခြေချနေထိုင်ခွင့်ရထားသူတွေ ကိုယ်တိုင်က စပွန်ဆာလုပ် ခေါ်ယူနိုင်တဲ့ အစီအစဉ် သစ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ကြေညာ၊ ယူကရိန်းကို အကူအညီပေးရေး အကောင်းဆုံးနည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် NATO အဖွဲ့ဝင်အားလုံး အပါအဝင် နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေတွေ့ဆုံ
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၀၊ ၂၀၂၃
အမေရိကန်တွေ ဒုက္ခသည်တွေကို တာဝန်ယူခေါ်နိုင်မယ်၊ စစ်ကောင်စီရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ANP အတွင်းသဘောထားကွဲ၊ ကောလင်းမြို့နယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ရေနံတင်သင်္ဘောပေါက်ကွဲမှု သေဆုံးခဲ့သူတွေကို ထိုင်းလျော်ကြေးပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။