TV Schedule
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (စက်တင်ဘာ ၂ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (စက်တင်ဘာ ၂ ရက်) မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ နဲ့ လုံခြုံရေးပြဿနာကြောင့် လူသားချင်းစာနာမှု အကူအညီ လုပ်ငန်း ထိခိုက်နေကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်တဲ့ သတင်းအပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ကင်းမရွာ ဖျက်ဆီးခံရမှု မျက်မြင်သက်သေတဦး ပြောပြချက်၊ အာဆီယံ အလုပ်သမားသမဂ္ဂတွေ NUG ကိုထောက်ခံ ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကပြောဆိုလိုက်တာ၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ လူထုနဲ့ ကျန်းမာရေး၊ အားကစားကဏ္ဍ စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၂-၂၀၂၁)
အာဖဂန်ကနေ လူပေါင်း ၁၂၀,၀၀၀ ကျော် ကို တက်သုတ်ရိုက် ကယ်တင်ခဲ့ရတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ နောက်ဆုံးနေ့ရက် အခြေအနေကို ပြောဆိုရာမှာ ထိပ်တန်း အမေရိကန် အရာရှိတွေကြား ကွဲလွဲ၊ မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးပြီးသူ ၂ သန်းကျော်ရှိ၊ မြန်မာနိုင်ငံမှာ အမေရိကန်တဒေါ်လာကို ၁၈၃၀ ကျပ် နဲ့ အရောင်းအဝယ်လုပ်
ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံ အစီအစဉ်
စက်တင်ဘာ ၂ - ဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်က ဒဏ်ခတ်အရေးယူတဲ့ သတင်းအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီး ၂ သန်းကျော်ပြီလို့ စစ်ကောင်စီကြေညာ၊ မိုင်ဂျာယန်မှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူပြော၊ ပြင်သစ်မှာတော့ တရားမဝင်သူအပါအဝင် လူတိုင်း ကာကွယ်ဆေးထိုးခွင့်ရဖို့ MSF ကြိုးပမ်း၊ သထုံမှာ အဖမ်းခံရသူ အမျိုးသမီးနှစ်ဦး အစအနပျောက်နေ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ။