TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း ဇူလိုင်လ ၂ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာ နံနက်ခင်း ဇူလိုင်လ ၂ ရက် ၂၀၂၃ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကြားနာရေး ဇူလိုင် ၅ ရက် ပြန်စမှာ၊ အိန္ဒိယမြန်မာ ၂ နိုင်ငံ နယ်စပ်လုံခြုံရေး ဆွေးနွေးတာအပြင် အီးယူအလှည့်ကျ ဥက္ကဌသစ်ဖြစ်လာတဲ့ စပိန်က ဝန်ကြီးချုပ် ယူကရိန်းကိုသွားရောက်တဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၂ ရက်၊ ၂၀၂၃)
လက် ၂ ဘက်နဲ့ မနိုင်မနင်း ဖြစ်နေသူတွေ လက်အများကြီး တပ်ထားနိုင်ဖို့၊ လေဆာအလင်းတန်းနဲ့ အင်တာနက်ကွန်ရက်ဖြန့်မယ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ကလေးငယ်တွေအတွက် အစာအာဟာရ အရေးကြီးတဲ့အကြောင်း လူထုနဲ့ ကျန်းမာရေး၊ ဘယ်အခြေအနေရောက်ရောက် ဗေဒင်ဟောနေမယ့် ဗေဒင်ဆရာ လင်းညို့တာရာ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇူလိုင် ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။