TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၂၊ ၂၀၂၂။
ပညာရေး ကဏ္ဍ အပေါ် တိုက်ခိုက်မှု မလုပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် တောင်းဆို၊ နောင်ချို ပညာရေးမှူးရုံး တိုက်ခိုက်ခံရ သေဆုံး ဒဏ်ရာရမှုရှိတဲ့ အကြောင်း၊ ပြည်တွင်း အိုးအိမ်စွန့်ထွက်ပြေးရသူ ၁ သန်းကျော်ကို ရောက်ရှိ၊ ကလေးမြို့ တိုက်ပွဲတွင်း ရွာတွေ မီးရှို့ခံရ၊ ယူကရိန်း စစ်ရေးနောက်ဆုံး အခြေအနေ၊ မြန်မာ့အရေးသုံး သပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား အစီအစဉ်တို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၂-၂၀၂၂)
ယူကရိန်းကို ပိုပြီးအဆင့်မြင့်တဲ့ Rocket ဒုံးလက်နက်စနစ်နဲ့ စစ်လက်နက် ဒေါ်လာသန်း ၇၀၀ ဖိုး ပေးမယ်လို့ အမေရိကန် သမ္မတ Joe Biden ကြေညာ၊ မြန်မာနိုင်ငံမှာ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့လူပေါင်း တသန်းကျော်ထိ ရှိ၊ ဗြိတိန်အခြေစိုက် Myanmar Accountability Project (MAP) လူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တူရကီမှာ တရားစွဲဖို့ပြင်နေတဲ့ အမှုအတွက် တူရကီအာဏာပိုင်တွေက ကနဦးစုံစမ်းစစ်ဆေးမှုစတင်
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၂၊၂၀၂၂
“မြန်မာစစ်ကောင်စီကျူးလွန်မှု တူရကီအာဏာပိုင်တို့စတင်စုံစမ်း” MAP ထုတ်ပြန်၊ မိုးရာသီဝင်လို့ ပြည်တွင်းဒုက္ခသည်များ အကူအညီအရေးပေါ်လိုအပ်၊ ကလေးတောင်ပိုင်း မြစ်သာမြစ်အရှေ့ဖက် တိုက်ပွဲဖြစ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။