TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၊ ၂၀၂၃)
ယူကရိန်းကိုကျုးကျော်နေတဲ့ ရုရှားတပ်တွေ ဆုတ်ခွာသင့်တယ်လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy က ပြောလိုက်ပါတယ်။ဆူဒန်စစ်တပ် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့ ကုလ ကိုယ်စားလှယ်ကပြောပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ မြန်မာ နယ်စပ်ကို ရောက်နေပြီးနယ်နိမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေး တောင်းဆို ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၊ ၂၀၂၃ )
စစ်ကောင်စီနဲ့ တွေ့ဆုံမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်စတင်၊ ထိုင်းနယ်စပ်မှာ မြန်မာလူငယ် ၂ ဦး လက်နက်နဲ့အတူ ဖမ်းဆီးခံရ စတာတွေအပြင် ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွား၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။