TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၂ ရက် ၂၀၂၃
စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ ကိုကိုးကျွန်းကို တရုတ်ထောက်လှန်းရေးအတွက် သုံးမှာ အိန္ဒိယစိုးရိမ်တာ၊ ထိုင်ဝမ်သမတဟောင်းက တရုတ်နိုင်ငံ ငြိမ်းချမ်းရေး ခရီးစဉ်သွားနေတဲ့ သတင်း တွေအပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီလ ၂ ရက်၊ ၂၀၂၃
ရေနဲ့ဖျော်သောက်လို့ရမယ့် ဘီယာမှုန့် ဂျာမနီတီထွင်၊ ခွဲစိတ်စရာမလိုပဲ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကုသနိုင်မယ့်စက်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အပူဒဏ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းတနေရာက မြန်မာစာသက်ကျောင်းလေးအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီ ၂၊ ၂၀၂၃)
အမေရိကန်တောင်ပိုင်း လေမုန်တိုင်းကြောင့် သေဆုံးသူ ၂၆ ဦးအထိတိုး၊ လက်နက်ကြီးနဲ့ပစ်လို့ မြ၀တီ ကုန်သွယ်ရေးဇုံအနီး ဒေသခံထောင်ချီ ထွက်ပြေး၊ အမျိုးသမီးတွေ ခေါင်းစည်းပုဝါခြုံဖို့ အီရန်သမ္မတ သတိပေး စတဲ့ ထိပ်တန်းသတင်းတွေအပြင် မြန်မာ့ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့ မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။