TV Schedule
ဖေဖော်ဝါရီ ၂၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
စစ်ကောင်စီကို ရုရှားလက်နက် ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ အမေရိကန်ပြင်ဆင်၊ မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ ၆ လ သက်တမ်းတိုး စတဲ့သတင်းတွေအပြင်၊ NUG ယာယီသမ္မတနဲ့ ဆက်သွယ်မေးမြန်းခန်း ဒုတိယပိုင်း၊ စစ်အာဏာသိမ်း ၂ နှစ်တာကာလ သုံးသပ်ချက်တွေကိုလည်း စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၃)
မြန်မာနိုင်ငံက အခြေအနေတွေဟာ ပုံမှန် မရောက်ရှိသေးတဲ့အတွက် အရေးပေါ်အခြေအနေ နောက်ထပ် ၆ လ စစ်ကောင်စီက သက်တမ်းတိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စစ်ကောင်စီကို ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံ ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ရက်ကြာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို ပြန်ပို့ ....စတဲ့သတင်းတွေနဲ့အတူ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၊ ၂၀၂၃
အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်၊ မြန်မာနိုင်ငံ မြို့နယ် ၄၀ နီးပါးမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်၊ ရွေးကောက်ပွဲကြောင့် မတည်ငြိမ်မှုပိုဖြစ်နိုင်လို့ ကန်သတိပေး၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု အခြေအနေပိုဆိုး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။