TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၂၊ ၂၀၂၃)
တိုက်ပွဲပြန်စတဲ့ ပထမနေ့ ပါလက်စတိုင်း ထိခိုက်သေဆုံးသူ များပြား၊ AUKUS သုံးနိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ နျူကလီးယားရေငုပ်သင်္ဘော တပ်ဆင်ရေး ဆွေးနွေး စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၂ စနေ၊ ၂၀၂၃
ကချင် လိုင်ဇာမှာ စစ်ရေးတင်းမား၊ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး တဆင့်တက်ဖို့ အသင့်ရှိကြောင်းကြေညာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ဆန်ဈေးထိန်းချုပ်သတ်မှတ်မယ်လို့ ဆန်စပါးအဖွဲ့ချုပ်ပြော ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ နောက် ၁၀၂၇ စစ်ဆင်ရေးနဲ့ တရုတ် မပတ်သတ်ကြောင်းငြင်းဆို သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဒီဇင်ဘာ ၂ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၂၊ ၂၀၂၃
ဂါဇာတောင်ပိုင်းကို အစ္စရေးတိုက်ခိုက်၊ ဥတုရာသီပြောင်းလဲမှုတိုက်ဖျက်ဖို့ အမေရိကန်က ဒေါ်လာ ၃ ဘီလျံကတိပြု၊ ယူကရိန်းထောက်ပံ့ငွေ အမြန်ဆုံးအတည်ပြုဖို့ လွှတ်တော်ကို အိမ်ဖြူတော်တောင်းဆို၊ ရိုဟင်ဂျာ ၁၀၀ ကျော် အင်ဒိုနီးရှားကို ထပ်ရောက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။