TV Schedule
ဇန်နဝါရီ ၂၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တရုတ်နိုင်ငံခြားရေး ၀န်ကြီးသစ်နဲ့ ကန်ဝန်ကြီး ၂ နိုင်ငံဆက်ဆံရေးဆွေးနွေး၊ ၂၀၂၂ ခုနှစ် တနှစ်တာ မြန်မာ့အရေး သုံးသပ်ချက်၊ စတဲ့သတင်းနဲ့ ဆောင်းပါးတွေအပြင် ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၊ ၂၀၂၃)
ယူကရိန်းနိုင်ငံမြို့တော် ကိဗ်အပါအဝင် ပစ်မှတ်နေရာတွေကို ရုရှားဘက်က ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြော၊ အမေရိကန် နျူကလီးယား တပ်ဖွဲ့တွေ နဲ့ ပူးတွဲ လေ့ကျင့်ရေး အမေရိကန် နဲ့ တောင်ကိုရီးယားတို့ ဆွေးနွေးနေတယ်လို့ တောင်ကိုရီးယား သမ္မတ ပြော၊ မြန်မာစစ်ကောင်စီက ဒီနှစ်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ မပါကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်း
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂ ၊ ၂၀၂၃
စစ်ကောင်စီရွေးကောက်ပွဲမှာ မပါဝင်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း၊ KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲ၊ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်းပြင်ဆင်မှုများ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်နဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။