TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၉ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၉ ရက် ၂၀၂၃ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရဲ စစ်ဆေးမေးမြန်းတာ၊ ကန်−ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးတာ၊ စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်သေဆုံးမှု နောက်ဆုံးအခြေနေတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဩဂုတ် ၁၉ ရက်၊ ၂၀၂၃)
မြန်မာပြည်လာရောက်တဲ့ ကုလစာနာမှုရုံး အကြီးအကဲ ခရီး ဝေဖန်ခံရ၊ လက်ပံတောင်း ကြေးနီ စီမံကိန်းအနီး ပစ်ခတ်သေဆုံးမှုများ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ သတ်မှတ်ဈေးထက် ၃ ဆ မြင့်နေတဲ့ စားအုန်းဆီ၊ အပါအဝင် လယ်ယာစီးပွားသတင်းတွေ၊ နောက် သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဩဂုတ် ၁၉ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဩဂုတ် ၁၉ ရက်၊ ၂၀၂၃)
ယူကရိန်းသမ္မတ ဆွီဒင်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ စော်ကားမှုနဲ့ ၁၄ ဦးဖမ်းခံရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ စတာတွေကို တင်ဆက်ပေးထားပါတယ်။