TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင် ၁၉ရက်၊ ၂၀၂၃
အိန္ဒိယ-မြန်မာ-ထိုင်း ဝန်ကြီးအဆင့်စည်းဝေးမှု မြန်မာ့သုံးသပ်သူတွေအမြင်၊ ရွှေဘိုမြို့နယ်တွင်းလေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ထောင်ကျော်တိမ်းရှောင် စတဲ့သတင်းတွေနဲ့ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာက လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၉၊ ၂၀၂၃)
တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ ပန်မွန်ဂျုံ ပူးတွဲလုံခြုံရေးနယ်မြေကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အမေရိကန်စစ်သားတဦးဟာ မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံထားရတယ်လို့ ယူဆရပါတယ်။ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန် ပြောဆိုပါတယ်။ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လွှတ်တော်အမတ် အဖြစ် ယာယီ ဆိုင်းငံ့...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၁၉၊ ၂၀၂၃)
အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှား၊ အနိုင်ရပါတီခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် ရွေးခွင့်မပြုဖို့ ထိုင်းလွှတ်တော်ဆုံးဖြတ် စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေလည်း တင်ဆက်ထားပါတယ်။