TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၁၉-၂၀၂၁)
မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ၊ ၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိနေသလို စစ်ကောင်စီဘက်ကလည်း အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် အာဇာနည်ဗိမ္မာန်မှာ ကျင်းပခဲ့၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ Sean Turnell ဇနီး စစ်ကောင်စီကို တောင်းဆို... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။အာဇာနည်နေ့နိုင်ငံတော်အခမ်းအနားကို စစ်ကောင်စီသာသနာဝန်ကြီးက ဦးဆောင်ခဲ့၊ ရန်ကုန်အပါအဝင် မြို့တချို့မှာတော့ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြမှုတွေရှိ၊ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မင်းတပ်ကို UNHCR ကုလ အကူအညီပေးရေးယာဉ်ရောက်ရှိ၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေရှိ၊ တရုတ်နိုင်ငံ ကူမင်းက မြန်မာလုပ်သားအတော်များများနေရပ်ပြန်တဲ့သတင်းတွေနားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတာ့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေ ပြောသမျှအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကိုနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။