TV Schedule
ဗွီအိုအေရေဒီယို မနက်ပိုင်း ဇွန် ၁၉၊ ၂၀၂၂
စစ်ဒဏ်သင့် ဒေသကို ယူကရိန်းသမ္မတ သွားရောက်ကြည့်ရှု၊ ကုန်သွယ်ရေးကိစ္စ တရုတ်သမ္မတနဲ့ အမေရိကန် ဆွေးနွေးဖို့ရှိ စတဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်တဲ့အကြောင်း၊ အပတ်စဉ်ကဏ္ဍမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇွန်လ ၁၉ ရက်၊ ၂၀၂၂)
ဝမ်းချုပ်တာဆိုတာရဲ့ လက္ခဏာရပ်များ အကြောင်း လူထုနဲ့ကျန်းမာရေး၊ တောင်အမေရိကတိုက်က ကမ္ဘာ့အံဖွယ်ရေတံခွန်ကြီးကို ကြည့်ရမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇွန်လ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ ရေဒီယို ဇွန် ၁၉၊ ၂၀၂၂
ကချင်ပြည်နယ်က ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတာ၊ ဖင်လန်နဲ့ ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး အဟန့်အတားဖြစ်နေရတဲ့အကြောင်းရင်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ပေးသွားပါမယ်။