သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၀၆:၀၀ - ၀၇:၀၀

ဗွီအိုအေ မြန်မာနံနက်ခင်း

[Zawgyi/Unicode] ၂၀၂၁ ခုနှစ် ဇွန်လ ၁၉၊ နံနက် ၆း၀၀ နာရီမှ ၇း၀၀ နာရီ ဗွီအိုအေရဲ့ စနေနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလသမဂ္ဂက ဆုံးဖြတ်လိုက်တဲ့သတင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီတွေမှာ မြန်မာ့အရေး ဆွေးနွေးမှုတွေအပေါ် သုံးသပ်ချက် သတင်းတွေနဲ့အတူ သီတင်းပတ်စဉ် ကဏ္ဍမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ [Unicode] ဗွီအိုအေနံနက်ခင်းရေဒီယို ၂၀၂၁ ခုနှစ် ဇွန်လ ၁၉၊ နံနက် ၆း၀၀ နာရီမှ ရး၀၀ နာရီ ဗွီအိုအေရဲ့ စနေနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလသမဂ္ဂက ဆုံးဖြတ်လိုက်တဲ့သတင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီတွေမှာ မြန်မာ့အရေး ဆွေးနွေးမှုတွေအပေါ် သုံးသပ်ချက် သတင်းတွေနဲ့အတူ သီတင်းပတ်စဉ် ကဏ္ဍမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။

၂၁:၀၀ - ၂၂:၀၀

VOA ညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်ချက်

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကျင်းပကြတဲ့ ပန်းသပိတ်၊ ရခိုင်က ရိုဟင်ဂျာနဲ့ရခိုင်ဒုက္ခသည်တွေ အိမ်မပြန်နိုင်တဲ့အခြေအနေ၊ မြန်မာ့အရေးဥပဒေတရပ်ထွက်လာဖို့ အမေရိကန်ရောက်မြန်မာတွေ ကြိုးပမ်းမှု၊ အွန်လိုင်းပေါ်က အာရှနွယ်ဖွားဆန့်ကျင်ရေးသတင်းတွေကို နားဆင်ရပါမယ်။ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေတင်ဆက်နေတဲ့ ဒို့အသံနဲ့ ချင်းပြည်တွင်းကအိုးအိမ်စွန့်ခွာရသူတွေအကြောင်းဆွေးနွေးထားတဲ့ စနေညစကားဝိုင်း အပတ်စဉ်အစီအစဉ်တွေကိုလည်း ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ ဗွီအိုအေ မြန်မာပိုင်းရေဒီယို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG