TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၁၉ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၁၉ ရက်၊ ၂၀၂၄) ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးခေါင်းဆောင်ပိုင်း သဘောထားကွဲနေတာ၊ ရခိုင်မှာ ခွဲခြားမှုမရှိ အားလုံးကို အကာကွယ်ပေးဖို့ AA အာမခံတာ၊ အပူချိန် လွန်ကဲနေလို့ နယူးဒေလီမှာ သတိပေးချက်ထုတ်ပြန်တဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်ကိုလည်း တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၉၊ ၂၀၂၄)
နယ်သာလန်နိုင်ငံမှာ ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးနေတဲ့ ပန်းချီဆရာမ နာမည်ကြီး၊ တောင်ကိုရီးယားလူရွှင်တော် ဗုဒ္ဓတရားတော်ကို EDM အီလက်ထရောနစ်အကဂီတနဲ့ ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဒူဘိုင်းမှာ အွန်လိုင်းလိမ်လည်မှုတွေ သတိထားဖို့ ပြောထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီက ရှေးအနုပညာလက်ရာတွေနဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသက တိုင်းရင်းသတင်းမီဒီယာအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၁၉၊ ၊ ၂၀၂၄)
ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု စွပ်စွဲချက် AA အဖွဲ့ငြင်းဆန်၊ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းမှာ လူ ၂၀ ထက်မနည်းသေဆုံး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။