TV Schedule
၂၀၂၂ မေလ(၁၉)ရက် ကြာသပတေးနေ့ မနက်ခင်း VOA
စစ်ရာဇ၀တ်မှုနဲ့ စွပ်စွဲခံရသူ ရုရှားစစ်သား အပြစ်ရှိကြောင်းဝန်ခံ၊ မြန်မာနိုင်ငံမှာ မိုင်းကြောင့် သေကျေထိခိုက်သူ ၃ လအတွင်း တရာကျော်ရှိတယ်လို့ ယူနီဆက်က ပြော၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်အမတ်တချို့နဲ့ NUG ၀န်ကြီးဆွေးနွေးဆိုတဲ့သတင်းတွေအပြင် NUG နဲ့ AA တပ်ဖွဲ့တို့ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြ၊ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ကွယ်လွန် စတဲ့သတင်းပေးပို့ချက်။ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်၊ တပတ်အတွင်း အားကစားသတင်း အပတ်စဉ်ကဏ္ဍများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၉-၂၀၂၂)
အမေရိကန်သမ္မတ Joe Biden ရဲ့ အာရှ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား အရေးကလည်း အဓိက ဦးစားပေး နိုင်ငံခြားရေး မူဝါဒတခု ဖြစ်လာ၊ ယူကရိန်းနိုင်ငံ Mariupol မြို့ သံမဏိစက်ရုံကနေ ထွက်ခွာလာတဲ့ တိုက်ခိုက်ရေး သမားတွေကို စာရင်းပြုစု မှတ်တမ်း တင်နေတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ပြော၊ မြန်မာစစ်တပ် နှစ်ပေါင်း ၃၀ ကျော် ထိန်းချုပ်ထားတဲ့ သေ့ဘောဘိုး စခန်းကို ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြော
ဗွီအိုအေရေဒီယိုညပိုင်း မေ၁၉၊၂၀၂၂
ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲများ မေ၂၀ စတင်မည်၊ NUG နဲ့တွေ့ဆုံမှု မလေးရှားနိုင်ငံကို မြန်မာစစ်ကောင်စီကန့်ကွက်ဝေဖန်၊ သေ့ဘောဘိုး စစ်ကောင်စီစခန်းကနေ စစ်သုံးပန့် ၆ဦးနဲ့ စစ်လက်နက်များသိမ်းဆည်းရမိ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ တိုင်းရင်းသတင်းလွှာတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။