TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၁၉ ရက် ၂၀၂၃
သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား၊ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် နေရပ်ပြန်ရေး ဆွေးနွေးမယ့် မြန်မာအဖွဲ့ကို ကုလ အကူညီပေးတာနဲ့ SNLD ပါတီ ဘာကြောင့် မှတ်ပုံမတင်သလဲ ဆိုတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၁၉ ရက်၊ ၂၀၂၃
အရေပြားကင်ဆာ သတိပြုကာကွယ်နိုင်ဖို့ ကိုယ်လုံးတီးချွတ်ကြသူများ၊ ကိုယ်မုန်းသူကို ကိုယ့်ဘေးကလွင့်အောင်လုပ်တဲ့ ယတြာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စိတ်ကျရောဂါ ပိုဆိုးဆိုးခံစားနိုင်ရသူတွေက ဘယ်သူတွေလဲဆိုတာ တင်ပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံက မွန်ရွာလေးအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
မတ်လ ၁၉၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
သိမ်းပိုက်ခံ ယူကရိန်းမြို့ ရုရှားသမ္မတ သွားရောက်ကြည့်ရှု၊ ထိုင်းကပြန်လွှတ်ပေးတဲ့ မြန်မာတွေ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်မှုရှိမရှိ စစ်ဆေးခံရ၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။