TV Schedule
မတ်လ(၁၉) စနေ မနက်ခင်း VOA ရေဒီယို/ရုပ်သံ
၂၀၂၂ မတ်လ(၁၉)ရက် စနေ မနက်ခင်း အစီအစဉ်မှာတော့ ယူကရိန်းအရေး သမ္မတဘိုင်ဒင်နဲ့ တရုတ်သမ္မတတို့ အွန်လိုင်းဆွေးနွေး၊ မြန်မာနိုင်ငံမှာ စာနာမှု အကျပ်အတည်းတွေ ကြီးထွားလာတဲ့အပေါ် ကုလက သတိပေး၊ စိတ်ချမ်းမြေ့စရာ ကမ္ဘာ့နိုင်ငံ စာရင်းထဲမှာ မြန်မာက အဆင့် ၁၂၆ နေရာမှာရှိ .. စတဲ့ ထိပ်တန်းသတင်းတွေနဲ့အတူ စစ်ဆင်ရေးကြောင့် စစ်ကိုင်းတိုင်းထဲက ဒေသခံရွာသားအများအပြား တိမ်းရှောင်နေရ ၊ ကရင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံတချို့ ထိုင်းနိုင်ငံဖက် တိမ်းရှောင်၊ ၀ ဒေသမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ရက် ထပ်တိုး... ဒီလို သတင်းပေးပို့ချက်တွေလည်း နားဆင်ရပါမယ်။ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင့်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ် အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (မတ် ၁၉ ရက်၊ ၂၀၂၂)
မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်က ငွေကြေးကူညီ၊ ကပ်ရောဂါနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကြောင့် အမေရိကန်အတိုးနှုန်းတက်၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မတ်လ ၁၉ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ စနေည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
မတ် ၁၉ - မြစ်ကြီးနား စစ်ဆေးရေးဂိတ်ကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်တဲ့သတင်း၊ ယူကရိန်းစစ် နောက်ဆုံးအခြေအနေ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းငယ် ဝင်နိုင်ခြေ သတိပေးချက်၊ ဒို့အသံ လူ့အခွင့်အရေးအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ မြန်မာနဲ့ နိုင်ငံတကာ တပတ်အတွင်း သတင်း စုစည်းကောက်နုတ်ချက်များ။