TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၂၃
ပြည်ပရောက်တိုင်းရင်းသားတွေ ၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ကျင်းပတာ၊ မြူးနစ်လုံခြုံရေးညီလာခံတက်ရောက်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂ ဦး သီးသန့်တွေ့ဆုံတာ၊ တူရကီ ငလျင် ၁၂ ရက်မြောက်နေ့မှာ အသက်မသေကျန်ရစ်သူ ၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၃
ကြက်သွန်နီ လက်ကိုင်ပန်းစည်းနဲ့ ဆောင်တဲ့ မင်္ဂလာဆောင်၊ ချစ်သူများနဲ့ အထိမ်းအမှတ် ကမ္ဘာတလွှား မင်္ဂလာဆောင်သူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ လိပ်ခေါင်းရောဂါ ဖြစ်ရင် စောစီးကုသဖို့ လိုကြောင်း ပြောပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံရောက် တက်တူးဆရာရဲ့ အတွေ့အကြုံကို သိရမယ့် နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီလ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၃
ဂျပန်-အမေရိကန် စစ်ရေးလေ့ကျင့်မှု မကြာခင်ပြုလုပ်မည်၊ ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံများအကြောင်း မေးမြန်းချက် စတာတွေနဲ့ အပတ်စဉ်က်ဍတွေဖြစ်တဲ့ ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ ISP အဖွဲ့ရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြားသတင်းများ တို့ကို နားဆင်ရမှာပါ။