TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ဂါဇာနဲ့ West Bank ကို ပါလက်စတိုင်း အုပ်ချုပ်မှုအောက် ရှိသင့်ကြောင်း သမ္မတဘိုင်ဒန် ရေးသား၊ မွန်ပြည်နယ် ချောင်းနှစ်ခွတံတားအနီး တိုက်ပွဲပြင်းထန်၊ ရှမ်းမြောက် တိုက်ပွဲကြား ထိုင်းနိုင်ငံသား ရာနဲ့ချီ ပိတ်မိ စတဲ့ နောက်ဆုံးရသတင်းတွေအပြင် တနင်္ဂနွေမနက်ခင်း အပတ်စဥ်ကဏ္ဍတွေ စုစည်းတင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၂၃
မျက်လုံးတလုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်၊ အိမ်မွေးတိရိစ္ဆာလေးတွေ ကြီးကောင်ဝင်ပွဲတော်၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ အမေရိကန်မှာ ပါရဂူဘွဲ့ရဖို့ ကြိုးစားနေတဲ့ လူငယ်နဲ့ GenZ အစီအစဉ်၊ နောက်တော့ ထိုင်းမှာ အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်ပြုစုမှုပေးတဲ့ မြန်မာတွေအကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ နိုဝင်ဘာ ၁၉၊တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၉၊ ၂၀၂၃) မြန်မာနဲ့ အရှေ့အလယ်ပိုင်းဒေသအတွက် ငြိမ်းချမ်းရေး ပုပ်ရဟန်းမင်းကြီးဆုတောင်း၊ စစ်ကောင်စီဘက်က အဆိပ်ငွေ့ပါတဲ့ ဓါတုဗုံးအသုံးပြုတိုက်ခိုက်၊ ငွေထုတ်ယူမှုအပေါ် ဗဟိုဘဏ် ကန့်သတ်ချက် မရှိ စတဲ့နောက်ဆုံးရသတင်းတွေနဲ့ အပတ်စဥ်တွေကို တင်ဆက်ထားပါတယ်။