TV Schedule
စက်တင်ဘာ(၁၈) စနေမနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ
ဗွီအိုအေရဲ့ စက်တင်ဘာ(၁၈)ရက် စနေမနက် အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေအပြင် - KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာဘက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ သတင်းသမားတွေ ဖမ်းဆီးခံရမှု ပိုစိပ်လာ ၊ မီဇိုရမ်ရောက် ဒုက္ခသည်တွေကူညီဖို့ အွန်လိုင်းဂီတဖျော်ဖြေပွဲ မှန်းထားတာထက် ရန်ပုံငွေပိုရ ၊ သြစတြေးလျကို ကူညီမှုအတွက် အမေရိကန်နဲ့ ပြင်သစ်ကြား ဆက်ဆံရေးတင်းမာလာ စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း အစီအစဉ် (စက်တင်ဘာ ၁၈၊ ၂၀၂၁)
ကုလမြန်မာကိုယ်စားလှယ် ရွေးချယ်မှု၊ ဒေါ်အောင်ဆန်းစုကြည် တရားရင်နိုင်မှု အခြေအနေ၊ မြန်မာအမျိုးသမီးတွေ ကမ္ဘာ့သြဇာအရှိဆုံး လူ ၁၀၀ စာရင်းမှာ ပါ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ မြန်မာနိုင်ငံအတွက် ရောက်ဖို့ရှိတဲ့ ကာကွယ်ဆေးများ တွေ့ဆုံမေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ စက်တင်ဘာ ၁၈ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။