TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၁၈-၂၀၁၉)
- ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံလုပ်ငန်းတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo Jeddah မြို့ကို သွားပါတယ်။ - အစ္စရေးနိုင်ငံရွေးကောက်ပွဲ လက်ရှိရလာဒ်တွေအရ ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ Likud ပါတီက လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်မရတဲ့ အခြေအနေဖြစ်နေပါတယ်။ - အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၀န်ထမ်းဟောင်း Edward Snowden ကို လုံခြုံရေးအရ စောင့်ထိန်းရမယ့် သဘောတူညီချက်ကို ချိုးဖောက်မှု စွပ်စွဲချက်နဲ့ အမေရိကန်က တရားစွဲဆို လိုက်ပါတယ်။