TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၁၈၊ ၂၀၂၂။
ယူကရိန်း တောင်ပိုင်းမြို့ကို ရုရှားတို့ ပစ်ခတ်တိုက်ခိုက်၊ အမေရိကန် သမ္မတရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် သုံးသပ်ချက်၊ ထိုင်း အကျဉ်းထောင်တွင်းက လွတ်ရက်စေ့ မြန်မာတွေ နေရပ်ပြန်ရေး ကြန့်ကြာနေရတဲ့ အကြောင်း၊ တရုတ်နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာ ခရီးစဉ်- ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်းနဲ့ သီတင်းပတ်စဉ် ကဏ္ဍတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၈၊ ၂၀၂၂)
ယူကရိန်း သမ္မတ Volodymyr Zelenskyy က လုံခြုံရေး ဌာန အကြီးအကဲ နဲ့ အစိုးရအမှုလိုက် ရှေ့နေချုပ်တို့ကိုရာထူး ကဖယ်ရှား၊ အမေရိကန် တက္ကဆက်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်းပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှောင့်နှေးမှုတွေနဲ့ စည်းစနစ်မကျတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် စုံစမ်းစစ်ဆေးရေး ကော်မတီပြစ်တင်၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ် အဆောက်အဦးပေါင်း ၆၇၀ ကျော်ရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကြေညာ
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၁၈၊ ၂၀၂၂
ယူကရိန်းလုံခြုံရေးနဲ့ တရားရေးဌာနအကြီးအကဲတွေ ရာထူးကနေ ဖယ်ရှားခံရပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ စံချိန်တင် အပူဒဏ်ကို ခံစားနေကြရပါတယ်။ ဖားကန့်မြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေမှာတော့ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဘန့်ဘွေးတဝိုက်က စစ်ဘေးရှောင် ၇၀ ကျော် ဖမ်းဆီးခံရပါတယ်၊ နိုင်ငံအနှံ့မှာ တင်သွင်းကုန်တွေ ဈေးတပ်ထက်နေပါတယ်။ ဒီလိုသတင်းတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာစတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။