သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၀၆:၀၀ - ၀၇:၀၀

ဗွီအိုအေ မြန်မာနံနက်ခင်း

ဇူလိုင်လ(၁၈) ရက်၊ တနင်္ဂနွေနေ့ မနက် ၆း၀၀ နာရီမှ ၇း၀၀ နာရီအထိ ရေဒီယိုအစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - မြန်မာပြည်မှာ ဆိုးဝါးနေတဲ့ ကိုဗစ် နောက်ဆုံးအခြေနေ တင်ပြချက်၊ ကလေးမြို့က ရင်ဆိုင်တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်ရတဲ့ အကြောင်း တင်ပြသွားမှာပါ။ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုအကြောင်း တင်ပြနေတဲ့ ဒို့အသံ အစီအစဉ်နဲ့ စနေညစကားဝိုင်းကို ပြန်လည်ထုတ်လွှင့် သွားမှာပါ။ burmese.voanews.com မှာလည်း နားဆင်နိုင်ပါတယ်။ ဗွီအိုအေကို အားပေးနားဆင်တဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ သေနက်တွေဘေးချပြီး လူ့အသက်တွေကယ်ကြဖို့ ရန်ကုန်ကတ်သလစ်ဂိုဏ်ချုပ် Cardinal Charles Bo မေတ္တာရပ်ခံ၊ တနိုင်ငံလုံးအများပြည်သူရုံးပိတ်ရက်သတ်မှတ်ပြီး အပြင်သွားလာခွင့်ကန့်သတ်တဲ့ ၉ရက်တာ ဒုတိယမြောက်နေ့အခြေအနေတွေကို နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများနဲ့ သတင်းထဲက သုတအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG