TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၈ ရက် ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သားငယ်ကိုထိန်လင်းတောင်းဆိုတာ၊ ဒေါ်စုမွေးနေ့ ပြည်ပရောက် မြန်မာတွေ စုဝေးကျင်းပတာ၊ ကန်ပက်လက် တိုက်ပွဲတွေ ပြင်းထန်တာနဲ့ ထိုင်းက မြန်မာ့အရေဆွးနွေးပွဲ အခြေအနေတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇွန် ၁၈ ရက်၊ ၂၀၂၃
တရုတ်က လူလုပ်ပန်းကန်ပြားပျံ၊ နေကောင်းကျန်းမာဖို့ ငါးအရှင်မြိုချတဲ့ ကုထုံး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ဆီးချိုအကြိုကာလ ဘယ်လို စောင့်ကြည့်သတိထားသင့်သလဲဆိုတာ ရှင်းပြတဲ့ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ဇင်းမယ်က ရှေးဟောင်း မြန်မာဘုန်းကြီးကျောင်း၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇွန်လ ၁၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဇွန်လ ၁၈၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ အာဆီယံ ထိပ်တန်းနိုင်ငံတွေ တက်ဖို့ငြင်းဆို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံ ခရီးစဉ်စတင်၊ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။