TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း
ဗွီအိုအေရေဒီယိုမနက်ပိုင်း ဇွန် ၁၈၊ ၂၀၂၂ ယူကရိန်းအရေး နိုဘယ်ဆုကို လေလံတင်ရောင်းပြီး ကူညီမယ့်ရုရှားသတင်းသမား၊ WikiLeaks ထူထောင်သူကို အမေရိကန်ဆီလွှဲပေးဖို့ ဗြိတိန်အစိုးရအမိန့်ထုတ်၊ မြန်မာ့စီးပွားရေး စီမံခန့်ခွဲမှုအားနည်းတဲ့အပေါ် လုပ်ငန်းရှင်တွေစိုးရိမ်၊ တိုက်ပွဲကြောင့် ရှမ်းနဲ့ကယားဖက်စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်တဲ့သတင်းတွေအပြင်အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊သိပ္ပနဲ့နည်းပညာ စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုတင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန်လ ၁၈ ရက်၊ ၂၀၂၂)
မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ကုလညီလာခံနဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေး၊ ယူကရိန်းနဲ့ အတူရပ်တည်ကြောင်းပြသပြီး ဥရောပနိုင်ငံခေါင်းဆောင်တွေ သွားရောက်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ လူ့အခွင့်အရေးပိုမိုကျဆင်းလာတဲ့ မြန်မာနိုင်ငံ အခြေအနေ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇွန်လ ၁၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဇွန် ၁၈၊ ၂၀၂၂ ညပိုင်း ဗွီအိုအေ အသံလွှင့်ရုပ်သံအစီအစဉ်
“အိန္ဒိယမှာ တပ်သားသစ်စုဆောင်းတဲ့ အစီအစဉ်သစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေပြင်းထန်၊ ကျွန်စနစ်အဆုံးသပ်မှုအထိမ်းအမှတ်ပွဲတွေ အမေရိကန်မှာ ဆင်နွှဲ၊ ယူကရိန်းသမ္မတ ပင်လယ်နက်မြို့ကို သွားကြည့် စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။