TV Schedule
၂၀၂၂ မေလ(၁၈)ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်း VOA
ထိပ်တန်းရောက်သတင်း - ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့ ရုရှားတပ်တွေလက်ထဲ ကျလု့ဆဲဆဲ ၊ အမေရိကန်မှာ မူလတန်းကလေးတွေ ကိုဗစ်အားဖြည့်ဆေးထိုးဖို့ ခွင့်ပြု ၊ အမေရိကန်ကိုတိုက်ခိုက်ဖို့ အာဖဂန်နစ္စတန်က အကြမ်းဖက်သမားတွေကို လက်ခံမှာမဟုတ်ပြော၊ တရုတ်လေယာဉ်ပျက်ကျခဲ့တာ လေယာဉ်မောင်းသူက ရည်ရွယ်ချက်နဲ့ လုပ်ကြံတယ်ယူဆ။ သတင်းဆောင်းပါ: - အမေရိကန် နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ၂ဦးဆွေးနွေး၊ သြစတြေးလျ ရွေးကောက်ပွဲ၊ ပါကစ္စတန်မှာ ခိုလှုံနေတဲ့ အာဖဂန်သတင်းသမားတွေ နိုင်ငံတကာ အကူအညီတောင်း ။ အပတ်စဉ်ကဏ္ဍ - မြင်ကွင်းကျယ်မှတ်စု၊ အမေရိကန်နိုင်ငံရေး ၊ ကမ္ဘာတလွှားအစီအစဉ် ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၈-၂၀၂၂)
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့်ဖင်လန်နိုင်ငံနဲ့ဆွီဒင်တို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ်တရားဝင်လျှောက်၊ ယူကရိန်း အဓိက ဆိပ်ကမ်းမြို့Mariupol ကို ရုရှားတို့ အပြည့်အဝထိန်းချုပ်နိုင်ဖို့ နီးစပ်၊ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ အာဏာရှင်ခေါင်းဆောင်တွေ၊ သူတို့ကို ပံ့ပိုးနေသူတွေနဲ့ စစ်တပ်အကျိုးစီးပွားတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ မဖြစ်အောင် အလေးထားဆောင်ရွက်နေတဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Vajda က ပြော