TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၁၁ ရက် ၂၀၂၃
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ မြန်မာပြင်ဆင်၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ICC ဖမ်းဝရမ်းထုတ်၊ စလိုဗက်ကီးယားက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးမယ့် သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ မတ်လ ၁၈ ရက်၊ ၂၀၂၃
မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး၊ စင်္ကာပူဝန်ကြီးချုပ်က မြန်မာ့အကျပ်အတည်းကို အာဆီယံ၊ နိုင်ငံတကာ နဲ့ ပူးပေါင်းဖြေရှင်းဖို့ ကတိပြု၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဈေးကောင်းရနေတဲ့ ရော်ဘာ၊ ပြီးတဲ့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ ဒုက္ခသည်တွေဆီ သေချာရောက်ရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ တွေ့ဆုံမေးမြန်းခန်း တို့ကို ၂၀၂၃ မတ်လ ၁၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၈၊ ၂၀၂၃)
ကျွန်းလှမြို့နယ် ကျေးရွာ ၁၆ ရွာ လျှပ်စစ်မီး အဖြတ်ခံရ၊ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်၊ ယူကရိန်းကောက်နှံ တင်ပို့မှု သဘောတူညီချက် သက်တမ်းတိုးဖို့ ညှိနှိုင်း စတဲ့သတင်းတွေပြင် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား သတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ စုစည်း တင်ပြထားပါတယ်။