TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီလ ၁၈ ရက် ၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီလ ၁၈ ရက် ၊ ၂၀၂၄) မြူးနစ် လုံခြုံရေးညီလာခံမှာ မြန်မာ့အရေး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေးတာ၊ ယူကရိန်းကို လက်နက်ထောက်ပံ့မှု နည်းရင် ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားက အားသာသွားနိုင်တယ်လို့ ယူကရိန်းသမ္မတက ပြောကြားလိုက်တဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပြင် လယ်ယာစီးပွား အပတ်စဥ်အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄)
အသည်းပေးတဲ့ မဲရုံ၊ မီးခြစ်ဆံမျှော်စင် ကမ္ဘာ့စံချိန်ချိုး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ပညာရဲရင့် ပွဲလယ်တင့်တဲ့ မြန်မာလူငယ်ရဲ့ နည်းပညာပြိုင်ပွဲအကြောင်း GenZ အစီအစဉ်၊ ဂျာမနီမြို့တွေဆီ အလည်ခေါ်သွားမယ့် နော်သဇင်ရဲ့ Vlog၊ နောက်တော့ တောင်ကိုရီးယားရောက် မြန်မာတွေရဲ့ နွေဦးအားမာန် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၈၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄) ဂါဇာမှာအပစ်ရပ်ရေး ကုလဆုံးဖြတ်ချက် အမေရိကန်ဗီတိုသုံး ပယ်ချမည်၊ ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် ဂုဏ်ပြုသူ ၄၀၀ ကျော် ဖမ်းဆီးခံရ၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။