TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၃
မြူးနစ်လုံခြုံရေး ညီလာခံ ဖွင့်ပွဲမှာ ယူကရိန်းကို အမေရိကန်ထောက်ခံကြောင်းပြသတာ၊ ဘာဆန်ချာ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ကုလနဲ့ ၄ နိုင်ငံ သံအမတ်တွေသွားရောက်တာ၊ ကလေးလုပ်သားငှါးရမ်းတဲ့ ကန်ကုမ္ပဏီကို ဒဏ်ငွေ ၁သန်းခွဲ ရိုက်တဲ့သတင်းတွေ နဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်း ပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃
ကန်ဒုနိုင်ငံခြားရေးဝန်ကြီး NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံ၊ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ မီးဘေးသင့်၊ အရပ်သားတွေ အသက်လုပြေးရ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းများနဲ့ ဆန်ကွဲဈေး အမြင့်ဆုံးတက်၊ ကြက်သွန်ပြည်ပ ပို့နိုင်ရေးလုပ်ဆောင် ဒီလို လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေး ခေါ်ဆောင်မှုအရွေ့အကြောင်း တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီလ ၁၈၊ ၂၀၂၃)
ယူကရိန်းကို ကျူးကျော်တဲ့ ရုရုားလုပ်ရပ် စစ်ရာဇ၀တ်မှုအဖြစ် အမေရိကန်သတ်မှတ်၊ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး မြောက်ကိုရီးယား ထပ်မံပစ်လွှတ်၊ မူးယစ်ကုန်ကြမ်း ၂၅ တန်ကျော် ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိ စတဲ့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား သတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။