TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (၂၀၂၂ ဒီဇင်ဘာ ၁၈)
အီရန်မှာ ဆန္ဒပြပွဲနဲ့ဆက်စပ်ပြီး နာမည်ကြီးမင်းသမီးတဦး အဖမ်းခံရ၊ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ခရိုအေးအသင်း အနိုင်ရသွား။ တနင်္ဂနွေမှာ ဗိုလ်လုမယ့် အာဂျင်တီးနားနဲ့ ပြင်သစ် ဘယ်အသင်း နိုင်ခြေပိုများမလဲဆိုတဲ့ သုံးသပ်ချက်နဲ့ အမေရိကန် NDAA အက်ဥပဒေပေါ်သုံးသပ်တဲ့ ဆက်သွယ်မေးမြန်းခန်းနဲ့ အပတ်စဉ်ကဏ္ဍများ။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၂
ခရစ္စမတ်ရာသီ ဂျင်းနံ့သင်းမုန့်နဲ့ ဆောက်ထားတဲ့ လန်ဒန်က မြို့တော်ကြီး၊ ယုန်လေးတွေ ဇိမ်ခံနိုင်တဲ့ ယုန်စပါးနဲ့ သူတို့တည်းဖို့ ယုန်ဟိုတယ်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လေဖြတ်ရှေ့ပြေး လက္ခဏာတွေသိထားပြီး လေမဖြတ်အောင် ကာကွယ်ဖို့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ အမှိုက်ကောက်ရောင်းရင် ဘဝကို ရပ်တည်နေသူ တယောက်အကြောင်း သိရမယ့် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၂ ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၈ ၊ ၂၀၂၂
နမ့်ဆန်မြို့အနီး စကစရဲ့တိုက်ခိုက်မှုဟာ တအာင်းဒေသကို ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း PSLF နဲ့ TNLA ကြေညာချက်ထုတ်ပြန်တာနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ် မှတ်စုများ၊ မြန်မာပြည်ကပေးစာ၊ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ပြပေးသွားမှာပါ။