TV Schedule
၀၆:၀၀ - ၀၇:၀၀
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၁၈၊ ၂၀၂၁။
ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထူးခြားမှုရှိတာတွေကို စုစည်း တင်ပြချက်၊ PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖွဲ့ ပြောခွင့်ရ ခွန်မြင့်ထွန်းနဲ့ ဆွေးနွေးထားတဲ့ မြန်မာ့ အရေး ဆွေးနွေးခန်း၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုင်ရာ သတင်း ကောက်နုတ်ချက်၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ အပတ်စဉ် ကဏ္ဍတွေကို တင်ပြပေးမှာပါ။
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၀−၁၈−၂၀၂၁)
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားတွေမှာ ပါဝင်ခဲ့ပြီးဖမ်းဆီးခံထားရသူ ၁၃၀၀ ကျော်ကို မြန်မာစစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီး အမှုရင်ဆိုင်နေရသူ ၄၃၀၀ ကျော်အပေါ် အမှုတွေကိုလည်း ပိတ်သိမ်း၊ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ အပေါ် မြန်မာစစ်တပ်ဘက်က ကောင်းမွန်တဲ့ တုံ့ပြန်ချက်မရဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော