TV Schedule
ဇန်နဝါရီ ၁၈၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
၂၀၂၂ ခုနှစ် ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ သေဆုံးမှုအများဆုံးအဖြစ် ကုလမှတ်တမ်းတင်၊ မြန်မာနိုင်ငံမှာ ဒုစရိုက်သမားတွေ အဓမ္မစေခိုင်းခံရသူ မလေးရှား ၃ ဦး ပြန်လည်လွတ်မြောက် စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၈၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ မြို့တော် Kyiv အပြင်မှာ ရဟတ်ယာဉ်ပျက်ကျခဲ့တာကြောင့် လူ ၁၈ ဦး သေဆုံးသွားတဲ့အထဲမှာ ယူကရိန်းပြည်ထဲရေးဝန်ကြီး အပါအဝင် အရာရှိတော်တော်များများလည်း ပါသွားခဲ့ပါတယ်။အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပိုင်တဲ့ နေအိမ်ကနေ လျှို့ဝှက်မှတ်တမ်း အထောက်အထားတွေ တတိယအသုတ် တွေ့ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က သူ့ရှေ့နေတွေရဲ့ ကြေညာချက်ထွက်လာပြီးတဲ့နောက် ဝေဖန်ပြောဆိုတာတွေလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။မြန်မာနိုင်ငံမှာ အခုလကုန်ပိုင်းမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေ ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၁၈ ၊ ၂၀၂၃
ဇန်နဝါရီလကုန် စစ်ကောင်စီ ကာလုံအစည်းအဝေးခေါ်ယူမည်၊ နိုင်ငံကူးလက်မှတ်တွေ ဇန်နဝါရီလကုန်မှာ ပြန်ထုတ်ပေးနိုင်ဖို့ စစ်ကောင်စီ စီစဉ်နေ၊ ကောလင်းမြို့ပေါ် အမျိုးသား ၁၈ ဦးထက်မနည်းဖမ်းဆီးခံရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍဖြေစ်တဲ့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတို့ကို နားဆင်ကြရမှာပါ။