TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၁၇ ရက် ၂၀၂၃
မြန်မာကို မူးယစ်ဆေး တင်ပို့ထုတ်လုပ်နိုင်ငံစာရင်း ကန်ထည့်သွင်းတာ၊ ဦးကျော်မိုးထွန်း ကုလတာဝန်ဆက်ယူရေး ပြည်ပရောက် မြန်မာတွေတောင်းဆိုတာ၊ ဝိုင်းမော်-နမ့်ဆမ်ယန်ရွာနားက စစ်ကောင်စီတပ်စခန်း KIA ဝင်သိမ်းတဲ့ သတင်းတွေအပြင် အပတ်စဥ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပြင် စိုက်ပျိုး- စီးပွားအစီအစဥ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၃)
ဒဏ္ဍာရီထဲက ရေနဂါး တကယ်လိုက်ရှာ၊ ခရုပညာပေး နာမည်ကြီးသူ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဓာတုလောင်ကျွမ်းဒဏ်ရာ ရှေးဦးပြုစုနည်း လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ၈၈ မြန်မာ့အရေး အမှတ်ရစရာ ကန်ချနဘူရီဒေသ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ စက်တင်ဘာ ၁၇၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၇၊ ၂၀၂၃)
ကုလကိုယ်စားလှယ်အဖြစ် အတည်ပြုရေး ဦးကျော်မိုးထွန်း တိုက်တွန်း၊ အွန်လိုင်းရာဇဝတ်မှုနဲ့ မသင်္ကာသူ ၁၀၀ ကျော် တရုတ်ထံ လွှဲပြောင်း၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။