TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၇၊ ၂၀၂၁။
အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး ဆုံးဖြတ်ချက် အတိုင်း အတိအလင်း ရပ်တည်ကြောင်း သမ္မတ Biden ပြော၊ မြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံတ၀န်းမှာ စစ်ကောင်စီတပ်တွေကို ဆက်လက် တိုက်ခိုက်၊ အာဂျင်တီးနား တရားရုံးမှာ ရိုဟင်ဂျာ အရေး ကြားနာမယ့် အခြေအနေ၊ ထိုင်းနိုင်ငံမှာ မူးယစ် ဆေးဝါး ၁ တန် ဖမ်းမိတဲ့ အကြောင်း၊ တာလီဘန် ထိန်းချုပ်လိုက်တဲ့ အာဖဂန်နိုင်ငံရေးရာ ဆောင်းပါးတွေကို တင်ပြပေးမှာပါ။ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၇-၂၀၂၁)
အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက် အပေါ် အမေရိကန် သမ္မတ Joe Biden ကာကွယ်၊ အမေရိကန်ရဲ့ သံတမန်ရေးရာ လုပ်ငန်းတွေ ကဘူးလ်နိုင်ငံတကာ လေဆိပ်က ဆက်လက် လုပ်ဆောင်၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုကို နိုင်ငံတကာဥပဒေနဲ့အညီ အာဂျင်တီးနားတရားရုံးကပထမဆုံးအကြိမ် ကြားနာ
VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု (သြဂုတ်၁၇၊၂၀၂၁)
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပ၊ စစ်တပ်သတင်းပေးစွပ်စွဲခံရပြီး သတ်ဖြတ်မှုတချို့ရှိနေဆဲ၊ ရှမ်းနဲ့ တအောင်းတိုက်ပွဲကြောင့် ဒေသခံလေးရာကျော်တိမ်းရှောင်၊ ထိုင်း မယ်ဟောင်ဆောင် ကရင်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်မှုရှိ.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ထားပါတယ်။