TV Schedule
ဇူလိုင် ၁၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
သမ္မတဘိုင်ဒင် အရှေ့အလယ်ပိုင်းခရီးစဉ် အဆုံးသတ်၊ အထောက်အထားမဲ့ မြန်မာတွေပါတဲ့ကား ထိုင်းမှာမတော်တဆဖြစ်၊ ၃ ဦးသေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးတွေ ထိခိုက်သေကျေမှု ကုလသတိပေး၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာလူငယ်တွေနဲ့ ဆွေးနွေးခန်း၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာတို့ကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇူလိုင် ၁၇၊ ၂၀၂၂
ကိုဗစ်ကူးစက်ကပ်ဘေး တကျော့ပြန်ဝင်လာရင် ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ပြောပြထားတဲ့ လူထုနဲ့ ကျန်းမာရေး၊ အနုပညာလက်ရာတွေ ပေါပေါများများတွေ့ရတဲ့ ဗီယာနာမြို့တော် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇူလိုင် ၁၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၇၊ ၂၀၂၂
ဘင်္ဂလားဒေရှ့်ကိုသွားတဲ့ ယူကရိန်းကုန်တင်လေယာဉ် ဂရိနိုင်ငံမှာ ပျက်ကျခဲ့ပါတယ်။ အိန္ဒိယမှာ ၄ လအတွင်း ကိုဗစ်အတည်ပြုလူနာ မြင့်တက်နေပါတယ်။ ဒီလိုထိပ်တန်းသတင်းတွေအပြင် ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး ကုလတိုက်တွန်းချက် ဒုက္ခသည်တွေ ကြိုဆိုတဲ့သတင်းတင်ပြချက်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ အပါတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။