TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၇ ရက် ၂၀၂၃
=ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၇ ရက် ၂၀၂၃= မြန်မာ့အရေး ကန်နဲ့ စင်္ကာပူ ဆွေးနွေးတာ၊ နျူကလီယားလက်နက်တွေ ဘယ်လာရုစ်ကို ပို့တာအတွက် ရုရှားသမ္မတအတည်ပြုတာ၊ စစ်ကိုင်းတိုင်း ဆားတောင်တိုက်ပွဲပြင်းထန်တာနဲ့ ထိုင်းဦးဆောင်မယ့် မြန်မာ့အရေးဆွေးနွေးပွဲအပေါ် သုံးသပ်ချက်နဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇွန် ၁၇ ရက်၊ ၂၀၂၃
နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အဆုံးဆိုးအဆင့် Tier 3 မှာ ဆက်ပြီးထား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုသတင်း မမှန်ကြောင်း စစ်ကောင်စီ ငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ကော်ဖီစိုက်ပျိုးရေးမှာ အခွန်လျှော့ပေးရေး စိစစ်လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံ ကော်ဖီအသင်းက တောင်းဆိုလို အပါအဝင် လယ်ယာစီးပွား သတင်းတွေ၊ နောက်ပိုင်းမှာတော့ ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းလိုက်တာနဲ့ ပတ်သတ်ပြီး ရန်ကုန်က သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဇွန် ၁၇ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန် ၁၇ ရက်၊ ၂၀၂၃)
မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဖျက်သိမ်းဖို့ ထိုင်းအစိုးရကို NUG တောင်းဆို၊ အမေရိကန်နဲ့ စင်ကာပူဝန်ကြီးတွေ မြန်မာ့ငြိမ်းချမ်းရေး လမ်းစမမြင် စတဲ့ နောက်ဆုံးရသတင်းတွေပြင် အလုပ်အကိုင်ရှားပါးမှုနဲ့ ခေါင်းပုံဖြတ်ခံရမှုတွေ ပိုကြုံလာရတဲ့ စက်ရုံ အလုပ်သမားတွေအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။