TV Schedule
ဇွန်လ ၁၇ ရက် ၂၀၂၂ ခုနှစ် သောကြာနေ့မနက် VOA
သေဒဏ်စီရင်မယ့်ကိစ္စ လူအခွင့်အရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် အထူးစိုးရိမ်၊ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ရသူ ၁.၂ သန်းရှိလာလို့ UNHCR ပြော ၊ မြန်မာ့အရေးလှုပ်ရှားသူတွေ အမေရိကန်အထက်လွှတ်တော် အမတ်တချို့နဲ့ တွေ့ဆုံ။ မကွေးနဲ့ စစ်ကိုင်းက စစ်ရေးပဋိပက္ခ ဆက်လက်ပြင်းထန်...စတဲ့ သတင်းနဲ့သတင်းပေးပို့ချက်တွေ။ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၇-၂၀၂၂)
ယူကရိန်းကို ဥရောပသမဂ္ဂ အီးယူအဖွဲ့ထဲမှာ ပထမအဆင့် အဖွဲ့ဝင်လောင်းအဖြစ်လက်ခံဖို့ ဥရောပကောင်စီကိုဥရောပကော်မရှင်က အကြံပြု၊ မြန်မာစစ်အစိုးရကို ထောက်ခံပံ့ပိုးပေးနေတဲ့ မြန်မာနဲ့ ရုရှားအခြေစိုက် ကုမ္ပဏီတွေကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထပ်တိုး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ငါးမှု အတွက် မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၁နှစ်ချ
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၁၇ ရက်၊ သောကြာညပိုင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှု ၅ မှုနဲ့ ထောင် ၂၁ နှစ်ချမှတ်၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံ ၁၀ ဦးထက်မနည်းအဖမ်းခံရ၊ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ကစပြီး ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းခွင့်မပြု၊ စတဲ့ သတင်းတွေကိုနားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို ထုတ်လွှင့်ပေးသွားပါမယ်။ VOA မြန်မာပိုင်း အစီအစဉ်တွေကို နားဆင်၊ ကြည့်ရှု့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။