TV Schedule
ဗွီအိုအေမြန်မာ မနက်ခင်း မတ်လ ၁၆၊၂၀၂၃
မြန်မာနိုင်ငံမှာ ကြီးမားတဲ့လူသားချင်းစာနာမှုအကျပ်အတည်းကြုံနေရဟု ကုလအထူးကိုယ်စားလှယ်ပြောဆို၊ ရိုဟင်ဂျာ ဒုက္ခသည်နေရပ်ပြန်ရေး ကုလ စံနှုန်း နှစ်မျိုး ကျင့်သုံးနေလို့ စွပ်စွဲခံရ စတဲ့သတင်းတွေနဲ့အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၁၇၊ ၂၀၂၃)
ယူကရိန်း Bakhmut မြို့က Bakhmutka မြစ် အနောက်ဘက်ခြမ်းကို ရုရှားစစ်တပ်နဲ့ Wagner လက်နက်ကိုင် ကြေးစားတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ဗြိတိန်ကာကွယ်ရေးပြော၊ ရန်သူတွေထိတ်လန့်ကြောက်ရွံသွားစေဖို့ တိုက်ချင်းပစ် ဒုံးတစင်း မြောက်ကိုရီးယား ထပ်မံပစ်ခတ်၊ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီဟာ ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့နဲ့ အကြောက်တရား ဖန်တီးဖို့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့ ပိုပြီး သုံးလာနေ
ဗွီအိုအေ မြန်မာညချမ်း မတ် ၁၇၊ ၂၀၂၃
တရုတ်သမ္မတ ရှေ့သီတင်းပါတ် ရုရှားသွားမည်၊ ဆိုးဝါးလာတဲ့ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အထွေထွေညီလာခံမှာ ဗြိတိန်တင်ပြ၊ ကျောက်ခွက်ရေနံမြေ တတိယအကြိမ် တိုက်ခိုက်ခံရ၊ စစ်ပြေးဒုက္ခသည်ကလေးငယ်တွေ အရေပြားရောဂါတွေဖြစ်နေကြ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။