TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၁၇ ၊၂၀၂၃)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၁၇ ၊၂၀၂၃) ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးစေ့စပ်ဖို့ အစ္စရေးလ်မှာဆန္ဒပြ၊ ဂျပန်-မလေးရှား ရေကြောင်းလုံခြုံရေး စာချုပ်ချုပ် စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)
ရေခဲမှတ်အောက်ချမ်းအေးတဲ့ အရပ်က ဆောင်းကြိုရေကူးပြိုင်ပွဲ၊ အထီးကျန်ဆုံး သိုးမလေးကို ကယ်တင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဗြိတိန်မှာ ပညာတော်သင်ဆုရတဲ့ GenZ တဦး၊ နောက်တော့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဘဝတွေ ကျွမ်းထိုးမှောက်ခုံဖြစ်ရသူတွေထဲ အရှုံးမပေး ဆက်ပြီးတိုက်ပွဲ၀င်နေတဲ့ ရဲဘော်အကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဒီဇင်ဘာ ၁၇၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၇၊ ၂၀၂၃) ဂါဇာမှာ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဗြိတိန်နဲ့ ဂျာမန် တောင်းဆို၊ ရှမ်းမြောက်တိုက်ပွဲတွင်း စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ၊ စစ်ကောင်စီ အခွန်ကောက်ခံမှု လက်မခံကြောင်း ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ စတဲ့ သတင်းတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။