TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ( နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း (နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၃) ဂါဇာတောင်ပိုင်းမြို့လေးမြို့ထက်မနည်းကဒေသခံတွေထွက်ခွာဖို့ အစ္စရေးသတိပေး၊ ICJ မြန်မာအမှု ဗြိတိန်နဲ့ ငါးနိုင်ငံပါဝင်လာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၇၊ ၂၀၂၃)
အမေရိကန်အနေနဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် ကုန်သွယ်ရေးစံတန်ဖိုးတွေကို လိုက်နာကျင့်သုံးမယ်လို့သမ္မတဘိုင်ဒင်ပြော၊ရှမ်းပြည်နယ်ကိုးကန့်ဒေသထဲOnline ငွေလိမ်ဂိုဏ်းတွေလုပ်ကိုင်နေသူတရုတ်နိုင်ငံသား မြီရှောက်ချန်းကိုမြန်မာအာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့အချိန်မှာသူ့ကိုယ်သူအဆုံးစီရင်သွားကြောင်း တရုတ်ရဲတပ်ဖွဲ့ပြော။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၇ ၊ ၂၀၂၃)
ဂါဇာမှာ အငတ်ဘေးကြုံမယ့်အခြေအနေ ရင်ဆိုင်နေရ၊ လွိုင်ကော်မြို့တဝိုက် တိုက်ပွဲတွေဆက်လက် ဖြစ်ပွါး၊ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကုလ တိုက်တွန်း စတာတွေအပြင် အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။