TV Schedule
ဇန်နဝါရီ ၁၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းလူနေတိုက်ခန်း ရုရှားမစ်ဇိုင်းဒုံး ထိမှန်မှု သေဆုံးသူ ၄၀ အထိရှိ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ စစ်ရေးတင်းမာ၊ တရုတ်ပြည်မကြီးနဲ့ တင်းမာမှုအပေါ် ထိုင်ဝမ်ရောက် မြန်မာတွေအမြင် စတာတွေနဲ့အတူ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ သက်တံရောင် အစီအစဉ်တွေကိုလည်း တင်ပြမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၇၊ ၂၀၂၃)
ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu ဟာ ယူကရိန်း က ရုရှားတပ်တွေ ရဲ့ ဌာနချုပ် တခု ကို သွားခဲ့ပါတယ်။ဆွီဒင်နဲ့ ဖင်လန်နှစ်နိုင်ငံ နေတိုးမဟာမိတ်အဖွဲ့ထဲ ဝင်ရေး တူရကီပါလီမန် သဘောတူတဲ့ အတည်ပြုချက် ရဖို့ဆိုရင် အကြမ်းဖက်သမား ၁၃၀ လောက်ကို တူရကီနိုင်ငံ ဆီ အရင် လွှဲပြောင်းပေးရမယ်ဆိုပြီး တူရကီသမ္မတ Erdogan က တောင်းဆိုပါတယ်။တရုတ်နိုင်ငံရဲ့ လူဦးရေတိုးပွားမှုနှုန်း မနှစ်က ကျဆင်းသွားကြောင်း တရုတ်အစိုးရကပြောကြား ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၁၇ ၊ ၂၀၂၃
မိုးဗြဲမှာ လက်နက်ကြီးကျည်ကျလို့ အရပ်သား တဦးသေ၊ ပြည်သူ့ခုခံစစ် ၂ နှစ်နီးပါးကြာလာသည့်တိုင် လူထုထောက်ခံမှုမကျသေး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍကတော့ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းရာ၊ ဆိုရှယ်မီဒီယာပေါ် လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေ၊ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်နဲ့ နေရာပေါင်းစုံအကြောင်းစုံတို့ နားဆင်ရမှာပါ။