TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၁၆ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၁၆ ရက် ၂၀၂၃ ဘယ်လ်လာရုစ်မှာ မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်တာ၊ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ လက်ယက်ကုန်း စာသင်ကျောင်းတိုက်ခိုက်မှု အပြင် ကုန်ဈေးနှုန်းကျဆင်းရေး စစ်ကောင်စီရဲ့ကြိုးပမ်းမှု အပေါ်သုံးသပ်ချက် နဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၃)
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံခြားရေး ဝန်ကြီးနဲ့ ရုရှားနိုင်ငံမှာ တွေ့ဆုံ၊ မြန်မာလူ့အခွင့်အရေး အခြေအနေ ကန်လွှတ်တော်မှာ ကြားနာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် ပညာရေးနဲ့ သက်ဆိုင်တာတွေ တိုက်ခိုက်ခံရတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ စက်တင်ဘာ ၁၆ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၃
ဆန္ဒပြကားစက်ရုံလုပ်သားတွေအရေး ညှိနှိုင်းမှုပြန်လည်စတင်မယ်၊ မြန်မာ့ပြဿနာ ပြည်တွင်းရေးသာဖြစ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား၊ စစ်တပ်အခြေစိုက်စခန်းတခု KNLA နဲ့ PDF ပူပေါင်းတပ်တွေသိမ်းပိုက်၊ ငတ်မွတ်နေသူ ကမ္ဘာမှာ ပိုများလာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။