TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင်လ ၁၆ ၊ ၂၀၂၃
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင်လ ၁၆ ၊ ၂၀၂၃ တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကအထောက်အထားလက်မှတ် ထုတ်ပေးမယ်၊ စစ်ကောင်စီ နဲ့ KNLA PDF ပူးပေါင်းတပ်တွေ ရဲ့ တိုက်ပွဲ စတဲ့သတင်းတွေနဲ့ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး စတဲ့ အပတ်စဉ်ကဏ္ဍတွေ ကို ထုတ်လွှင့်မှာပါ။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၁၆ ရက်၊ ၂၀၂၃)
ထိုင်းနိုင်ငံမှာ ရေပန်းစားနေတဲ့ ကနုတ်ပန်း ရေခဲချောင်း၊ စာကြည့်တိုက်အဖြစ် အသွင်ပြောင်းထားတဲ့ အီဂျစ်က အိမ် ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ခွေးရူးပြန်ရောဂါအကြောင်း လူထုနဲ့ကျန်းမာရေး၊ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် စောင့်မျှော်နေကြတဲ့ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇူလိုင် ၁၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၁၆၊ ၂၀၂၃)
ရွှေကျင်မြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်သောင်းချီတိမ်းရှောင်၊ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်း ရန်ကုန်မြို့ကို စတင်ပြေးဆွဲ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။