TV Schedule
ဇူလိုင် ၁၆၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
လူ့အခွင့်အရေးကိစ္စ ဆော်ဒီခရီးစဉ်မှာ သမ္မတဘိုင်ဒင်ပြောကြား၊ သီရိလင်္ကာမှာ ယာယီသမ္မတသစ်တက်၊ နိုင်ငံခြားငွေလဲလှယ်နှုန်း ကင်းလွတ်ခွင့် ရုပ်သိမ်းမှုအပေါ် အကဲခတ်တွေအမြင် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇူလိုင် ၁၆၊ ၂၀၂၂
မော်စကိုရောက် စစ်ကောင်စီဥက္ကဋ္ဌနဲ့ ရုရှားနျူကလီးယားစွမ်းအင်စာချုပ်ချုပ်ဆို၊ စီးပွားပျက်ကပ်ဆိုက် သီရိလင်္ကာမှာ သမ္မတပြည်ပ ထွက်ပြေး၊ ဝန်ကြီးချုပ် သမ္မတတာဝန်ယူ၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်းတင်ပြချက်နဲ့ မြန်မာပဋိပက္ခတွေကြား ရှင်သန်ရတဲ့ကလေးများ အခြေအနေဆိုးရွားမှု သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇူလိုင်လ ၁၆ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၆၊ ၂၀၂၂
စစ်ကောင်စီကို အသိအမှတ်မပြုလိုတဲ့ ဗြိတိန်မြန်မာသံရေးတမန်၊ အမေရိကန်ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့တဲ့ မြန်မာလူငယ်တွေနဲ့စကားဝိုင်း၊ HIMARS ဒုံးစနစ် ယူကရိန်းခုခံစစ်မှာ ထိရောက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာဆိုရင် မြန်မာ့လူ့အခွင့်အရေးအခြေအနေပုံမှန်တင်ဆက်နေကြ ဒို့အသံနဲ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။