TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း
ဗွီအိုအေရေဒီယိုမနက်ပိုင်း ဇွန် ၁၆၊ ၂၀၂၂ ဂျီနီဗာလူ့အခွင့်အရေးကောင်စီညီလာခံမှာဆွေးနွေးခဲ့တဲ့ မြန်မာ့အရေး၊ စစ်ကိုင်း၊ မကွေးနဲ့ ကယားပြည်နယ်ဖက်မှာ စစ်ရေးအခြေအနေတေနဲ့ အမေရိကန်နိုင်ငံရေးအကြောင်း တင်ဆက်သွားဖို့ရှိပါတယ်။ အပတ်စဉ် ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍကိုထုတ်လွှင့်တင်ပြထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၆-၂၀၂၂)
ယူကရိန်းဘက်ကအားပေးထောက်ခံတဲ့အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဂျာမနီဝန်ကြီးချုပ် Olaf Scholz အီတလီဝန်ကြီးချုပ် Mario Draghi တို့ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ရောက်၊ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ဆက်ထားသွားမယ်လို့ တရုတ်သမ္မတ Xi Jinping က ရုရှားသမ္မတ Vladimir Putin ကို ဖုန်းနဲ့ ပြော၊ ဒုသမ္မတဟောင်း Mike Pence ကို သမ္မတဟောင်း Donald Trump ဘယ်လို ဖိအားပေးခဲ့သလဲ ဆိုတာကို ဇန်နဝါရီလ ၆ ရက်၊ လွှတ်တော်စီးနင်းမှုကို စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော်ကော်မတီကစစ်ဆေးဖို့ စီစဉ်
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၁၆၊ ၂၀၂၂
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၊ မင်းတပ်မှာ စစ်ကောင်စီလက်နက်ကြီးထိလို့ အရပ်သားသေဆုံးမှုတွေရှိ၊ ကချင်ပြည်နယ်အတွင်း စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု KIO စုံစမ်းမည်၊ တောင်ကိုရီးယားက မြန်မာအလုပ်သမားတွေ အခုနှစ်ထဲ ထပ်ခေါ်ဖို့ရှိ၊ ဆက်ဆံရေးတိုးမြင့် ဆောင်ရွက်ဖို့ အိန္ဒိယနဲ့ အာဆီယံဝန်ကြီးတွေ ဆွေးနွေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို ထုတ်လွှင့်ပေးသွားမှာပါ။