TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၁၆ ရက် ၂၀၂၃
ရုရှားနယ်စပ်မှာ ဖင်လန်ဘက်က ခြံစည်းရိုးကာ၊ ကန်ရဲ့ ဒဏ်ခတ်မှု တရုတ်ကကန့်ကွက်တာ နဲ့ နျူကလီယားလောင်စာ သုံးစွဲမှုကို ဂျာမနီက ရပ်ဆိုင်းလိုက်တဲ့ သတင်းတွေနဲ့ ကရင်ပြည်နယ် မြဝတီခရိုင်ထဲက တိုက်ပွဲအခြေနေ အပြင်- အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီ ၁၆ ရက်၊ ၂၀၂၃
အမေရိကန်ဘတ်စကတ်ဘောချံပီယံ မိုက်ကယ်ဂျော်ဒန်ဖိနပ် ဒေါ်လာ ၂ သန်းကျော်နဲ့ ကမ္ဘာ့အမြင့်ဆုံး ဈေးရ၊ ကယ်လီဖိုးနီးယားပြည်နယ် ရဲတပ်ဖွဲ့ဝင် ယုန်တကောင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မွေးကင်းစကလေးကို အစာတိုက်ကျွေးမှုနဲ့ ပတ်သတ်ပြီး ပြောပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ နိုင်ငံခြားရောက် မြန်မာစာအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၁၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဧပြီ ၁၆၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
G-7 အစည်းအဝေးမှာ မြန်မာ့အရေး အပါအ၀င် နိုင်ငံတကာ ကိစ္စတွေ ဆွေးနွေးဖို့ရှိ၊ ဆူဒန်နိုင်ငံ ပဋိပက္ခမှာ သေဆုံးသူ ၅၀ ကျော်၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။