TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၁၆၊ ၂၀၂၃)
တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန် ဝန်ကြီးချုပ် Fumio Kishida တို့ တွေ့ဆုံပြီး ပုံမှန်တွေ့ဆုံရေး နဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက တာဝေးပစ် မစ်ဇိုင်းဒုံး တစင်း ထပ်မံ ပစ်လွှတ်လိုက်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ အကောင်အထည် ဖော်နိုင်တဲ့အထိ စင်ကာပူ အနေနဲ့ တခြား အာဆီယံနိုင်ငံတွေနဲ့သာမက ကုလသမဂ္ဂလိုမိတ်ဘက်အဖွဲ့တွေနဲ့ပါ လက်တွဲ ဆောင်ရွက်သွားမယ်လို့ စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong ကပြော ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း မတ် ၁၆၊ ၂၀၂၃
မြန်မာ့အရေး အာဆီယံ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဖြေရှင်းဖို့ စင်္ကာပူဝန်ကြီးချုပ် ကတိပြု၊ နမ်းနိန်းကျေးရွာလူသတ်မှု ကရင်နီကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ NUG တို့ ရှင်းလင်း စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။