TV Schedule
ဗွီအိုအေမြန်မာပိုင်း ဗုဒ္ဓဟူးနေ့ နံနက်ခင်း(ဖေဖေါ်ဝါရီလ ၁၆ ရက်)
ဗွီအိုအေမြန်မာပိုင်း ဗုဒ္ဓဟူးနေ့ နံနက်ခင်း(ဖေဖေါ်ဝါရီလ ၁၆ ရက်) ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး သမ္မတဘိုင်ဒင် ထပ်မံသတိပေးလိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရ နိုင်ငံတကာနဲ့ မြန်မာသတင်းတွေ၊မြန်မာ့အရေးအာဆီယံ ချဉ်းကပ်ပုံအပေါ် အကဲခတ်တွေအမြင်၊ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးလှုပ်ရှားသူတွေ မပါတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အခြေအနေ၊ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ကမ္ဘာတလွှားခရီးသွား စတာတွေကို နားဆင်ကြည့်ရှုရဖို့ရှိပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၆-၂၀၂၂)
ရုရှားတပ်တချို့ ယူကရိန်းနယ်စပ်ကနေ ဆုတ်ခွာသွားပြီလို့ ရုရှားဘက်က ပြောနေပေမဲ့ ယူကရိန်းကို အချိန်မရွေး ကျုးကျော်နိုင်ခြေ ဆက်ရှိနေသေးတဲ့အကြောင်း အမေရိကန် သမ္မတ Joe Biden ပြော၊ ယူကရိန်းနယ်စပ်မှာ ရှိတဲ့ တပ်တချို့ကို ပြန်လည်ရုတ်သိမ်းတာ မတွေ့ရသေးတဲ့အကြောင်း နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ်ပြော၊ နော်ဝေးအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ရောင်းချတဲ့အခါ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ထားပါတယ်ဆိုတဲ့ အာမခံချက်ပေးဖို့ အစုရှယ်ယာရှင် အများအပြားက တောင်းဆို