TV Schedule
ဒီဇင်ဘာ ၁၆၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းအတွက် အဆင့်မြင့်ဒုံးခွင်းဒုံး ပေးမယ့်အစီအစဉ် ရုရှားသတိပေး၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လက်မခံဖို့ အာဆီယံကို EU တိုက်တွန်း၊ မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ ကျွမ်းကျင်သူတွေ အကြံပေး စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၆၊ ၂၀၂၂)
မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် BURMA ACT ဥပဒေ ထည့်သွင်းထားတဲ့ ၂၀၂၃ ခုနှစ် NDAA အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်ကအတည်ပြု၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေး ဆက်အာရုံစိုက် အရေးယူပေးဖို့ ကုလအထွေထွေညီလာခံက တောင်းဆို၊ အမေရိကန်အနေနဲ့ ခေတ်မီ Patriot ဒုံးခွင်းဒုံးတွေ ယူကရိန်းနိုင်ငံကို ပေးပို့မယ်ဆိုရင် ချက်ချင်း တုံ့ပြန့်မယ်လို့ ရုရှား သတိပေး
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၆၊ ၂၀၂၂
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့မယ့် NDAA အက်ဥပဒေ အထက်လွှတ်တော်အတည်ပြု၊ လုံခြုံရေးကောင်စီ မြန်မာအရေးအာရုံစိုက်အရေးယူဖို့ ကုလအထွေထွေညီလာခံတောင်းဆို၊ အမေရိကန်လက်လီအရောင်း မျှော်လင့်ထားတာထက်ကျဆင်း၊ VOA အပါအဝင်သတင်းထောက်တချို့ Twitter အကောင့်တွေပိတ်ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။